Cornerstone Myanmar Community Church Singapore

Cornerstone Myanmar community church singapore – cornerstone စင်ကာပူ မြန်မာ အသင်းတော် ကို ၂၀၀၈ ခုနှစ် စက်တင်ဘာလ တွင် ဆရာစောသီဟ နှင့် ဆရာမ စူစာန်နာမင်း တို့မှ အစပြုတည်ထောင်ခဲ့ပါတယ်။

အသင်းတော်ရဲ့ရူပါရုံကတော့ သန့်ရှင်းသော ဝိညာဥ်တော်ဖြင့်ပြည့်ဝလျက် မြန်မာနိုင်ငံသို့ပြန်လည်သာသနာပြုမည့် အသင်းတော်ဖြစ်ပါတယ်။

အသင်းတော်ရဲ့ပထမဦးဆုံး ဝတ်ပြုကိုးကွယ်ခြင်းအစီစဉ်ကို စင်ကာပူနိုင်ငံ East Coast နားမှာရှိသော Oden Katong ဆိုတဲ့ အဆောက်အဦးမှာ စတင်ပြုလုပ်ခဲ့ပါပီး ဘယ်တော့မှမမေ့နိုင်မယ့်အရာကတော့ အသင်းတော်စတင်တဲ့ ပထမအပတ်မှာလာရောက်ကိုးကွယ်သူ တစ်ယောက်မှ မရှိပဲ သင်းအုပ်ဖြစ်တဲ့ဆရာစောသီဟ နဲ့ဆရာမ စူစာန်နာရှိခဲ့ကာ လူမရှိသော ခုံတန်းများနဲ့ ဘုရားကို ချီးမွမ်းကိုးကွယ်ခဲ့ရပါတယ်။ သို့သော်ငြားလဲ ဒုတိယအပတ်တွင်

ဘုရားရှင်၏ပို့ဆောင်ခြင်းကြောင့် လာရောက်ကိုးကွယ်သူ ၄ ဦးရှိခဲ့ရာ ထို ၄ဦးနဲ့အတူတစ်ကွ ကိုးကွယ်ရင်း ကျေးဇူးတော်ကြောင့်ဆက်လက်တိုးပွားခဲ့ပါတယ်။

အသင်းတော်ကို တည်ဆောက်သောအခါ ဘုရားသခင်၏ချစ်ခြင်းမေတ္တာ၊ ဧဝံဂလိတရား၊ မိသားစု ဖြစ်ခြင်းအရာများကို အခြေခံ၍ တည်ဆောက်ခဲ့ကာ စင်ကာပူနိုင်ငံတွက်ရှိသော မြန်မာလူမျိုးများအားကောင်းကြီးဖြစ်စေသော အသင်းတော်ဖြစ်ခဲ့ပါတယ်။

အသင်းတော်၏ သမိုင်းမှတ်တိုင်များထဲမှ အမှတ်ရစေသောနောက် အရာတစ်ခုမှာ ၂၀၁၃ ခုနှစ်တွက်ပြုလုပ်ခဲ့သော break free အစီအစဉ်ဖြစ်ပါတယ်။လူဦးရေ အားဖြင့် ၅၀ ကျော်သာရှိနေသော အသင်းတော်ဖြစ်သော်ငြားလဲ ဘုရားသခင်၏ပို့ဆောင်ခြင်း၊ ဘုရားနဲ့ပတ်သတ်လျှင် ဆာငတ်တောက်လောင် သစ္စာရှိသော အသင်းသူ အသင်းသားများဖြင့်သော်လည်းကောင်း၊ ဘုရားသခင်၏အသံတော်ကိုကြား၍ယုံကြည်ခြင်းခြေလှမ်းဖြင့် ဦးဆောင်သော ဆရာနဲ့ဆရာမ အားဖြင့် မြန်မာပြည်နှင့်ကမ္ဘာတစ်ဝှမ်းတွင် ဘုရားရှင် အသုံးပြုသော ဆရာ၊ဆရာမများအားဖိတ်ခေါ်ခွင့်ရကာ လူ ၂၀၀၀ ကျော်အား ယေရှုခရစ်တော်၏အသက်ရှင်ခြင်းနှင့် ဧဝံဂလိတရားအား ဟောပြောခြင်း အစီအစဉ်ကို ကျေးဇူးတော်အားဖြင့်ပြုလုပ်နိုင်ခဲ့ပါတယ်။ ထိုဧဝံဂလိ အစီအစဉ်အားဖြင့်စင်ကာပူတွင်ရှိသော မြန်မာလူမျိုးများအသက်တာတွင် မျိုးစေ့ကြဲလျှက်ကောင်းကြီးမင်္ဂလာဖြစ်စေခဲ့ပါတယ်။

ထိုနည်းတူ အသင်းတော်သည် မြန်မာနိုင်ငံနှိုးထမှုအတွက်ဆုတောင်းသော အသင်းတော်ဖြစ်တာ စင်ကာပူနိုင်ငံတွင်ရှိသော Full Gospel အသင်းတော်၊ Charis အသင်းတော် တို့နှင့်ပူးပေါင်းကာ ART ဟုခေါ်သော Awakening Revival Transformation ဆိုတဲ့ နှိုးထမှုအတွက်ဆုတောင်းခြင်း အစီအစဉ်ကို ၂၀၁၅ မှ ၂၀၁၈ ထိ ပြုလုပ်ခဲ့ပါတယ်။ ထို ART movement အားဖြင်​့ မြန်မာနိုင်ငံတွင် အခြားအသင်းတော်များဖြင့် ပူးပေါင်း၍National Youth Confrence ပြန်လည်ပြုလုပ်နိုင်ခဲ့ပါသည်။

အသင်းတော်သက်တမ်း ၈နှစ်အကြာ၂၀၁၆ ခုနှစ်တွင် ဘုရားသခင်၏ဦးဆောင်လမ်းပြခြင်းကြောင့် ဆရာစောသီဟ နှင့် ဆရာမ စူစာန်နာမင်းတို့ မြန်မာပြည်သို့ အပြီးပိုင်ပြန်ဖို့ ဖြစ်လာကာ ဘုရားသခင်ရွေးချယ်သည့် ဆရာ စမျိူးလင်းထွန်း (ခ) ဆရာပီတာ သည်ဆက်လက်ကာ အသင်းတော်၌ Lay Pastor အဖြစ် ဇနီးသည် မယမင်းထက် နှင့်အတူ အမှုဆောင်ခဲ့ပါတယ်။

Upcoming (0)

Sorry, there are no upcoming events

Past (1)

လူတိုင်းအတွက် Christmas primary image

လူတိုင်းအတွက် Christmas

Sun, Dec 25, 2:30 PM

Free

Events

Sorry, there are no upcoming events
လူတိုင်းအတွက် Christmas primary image

လူတိုင်းအတွက် Christmas

Sun, Dec 25, 2:30 PM

Free

လူတိုင်းအတွက် Christmas primary image

လူတိုင်းအတွက် Christmas

Sun, Dec 25, 2:30 PM

Free